https://static1.freebitco.in/banners/728x90-3.png

7/31/2017

နားကြပ်မတပ်ထားပဲ နားကြပ်ခေါင်းပုံပေါ်တဲ့ error ရှင်းနည်း (Huawei Y6)






Huawei Y6 နားကြပ်ခေါင်းပုံပေါ်တာလုပ်ရင်းနဲ့ တစ်လက်စတည်း တင်ပေးလိုက်ပါတယ်။
နားကြပ်မတပ်ထားပဲ နားကြပ်ခေါင်းပုံပေါ်နေရင် ကျွန်တော်ကတော့ ပထမဆုံး detect pin မှာ 1.8v ရှိမရှိစစစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ detect pin က နားကြပ်တပ်ထားချိန်မှာ နားကြပ်ခေါင်းထဲက အပ်လေးက pin ကိုသွားထိပြီး ground ဖြစ်သွားပါတယ်။ဒါဆို CPU က နားကြပ်တပ်ထားတာသိပြီး music အစရှိတဲ့အသံတွေကို spk ဆီမပို့တော့ပဲ နားကြပ်ဆီပို့ပေးပြီး အသံထွက်စေပါတယ်။နားကြပ်ပြန်ဖြုတ်လိုက်တဲ့အခါမှာ စောစောက အပ်လေးက pin နဲ့ပြန်ကွာသွားပြီး 1.8v ပြန်ထွက်လာပြီး CPU က နားကြပ်မတပ်ထားတော့တာသိမှာပါ။ဒါကြောင့် detect pin ရှာပြီး 1.8v ရှိမရှိစစ်ရတာပါ။ပုံကအတိုင်းပဲ 1.8v ရှိနေတယ်ဗျ။ဒါဆိုကျိမ်းသေပြီ။Detect pin နဲ့ဆက်နွယ်နေတဲ့ r လေးတွေထဲက တစ်လုံးလုံး short ဖြစ်နေလို့ပေါ့။မီတာလေးနဲ့ လိုက်စစ်တော့ rလေးတစ်လုံး တွေ့ပါပြီ။ဖြုတ်လဲပေးလိုက်တော့ နားကြပ်ခေါင်းပုံလဲပျောက်ပြီး အသံတွေလဲထွက်လာပါပြီ။ဒါက အခုဖုန်းမှာ ဒီလောက်နဲ့ပြီးသွားလို့ပါ။တစ်ချို့အလုံးတွေဆို CPU ထိကိုင်ရတာရှိပါတယ်။ပုံသေမမှတ်ပဲ နည်းလေးပဲယူကြပါ။တစ်ကယ်လို့ 1.8v ပျောက်နေတဲ့ အလုံးဆိုရင်တော့ volt ထွက်အောင်ပြန်လုပ်ယူရမှာပေါ့။
အခုတော့ ကျွန်တော်ပြု ပြင်နေတဲ့ဖုန်းလေးက ဒီနေရာမှာတင်ပဲ ပြီးဆုံးသွားလို့ post လေးလည်း ဒီမှာတင်ရပ်လိုက်ပါတယ်။

မူရင်းလခ့်>>>https://www.facebook.com/MgMoeHein/posts/1823596074637067



0 comments:

Post a Comment

 
အခုလိုလာရောက်အားပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြေင်းပြောကြားပရစေဗျာ။ how to fix error website သည် online ပေါ်ရှိဆရာတွေစေတနာဖြင့်တင်ထားသောနည်းပညာများကိုတစ်စုတစ်စည်းရှာရလွယ်ကူအောင်ပြန်လည်စုစည်းပေးထားခြင်ဖြစ်သည်။ How to fix error Adim team