https://static1.freebitco.in/banners/728x90-3.png

8/01/2017

Touch Error




မိုင်းထိတယ်​ဆိုတာ စစ်​ပွဲတိုက်​​နေတဲ့သူ​တွေမှာတင်​မဟုတ်​ပါဘူး။ဒို့ service သမား​တွေမှာလည်း အချိန်​ကိုက်​ မ​မျှော်​မှန်းထားပဲ ထိတတ်​ပါတယ်​။ဒီ​နေ့ G730 U30 တစ်​လုံး sim card မသိ​တော့လို့လာပြတယ်​။Imei စစ်​ကြည့်​​တော့ null ​နေတယ်​။ဘယ်​​လောက်​ကျမယ်​​ပြောပြီး ဖုန်းကို root ​ဖောက်​ background open setting ဖွင့်​ ပြီး manufacture mode on အဆင့်​ဆင့်​လုပ်​ပြီး qualcomm imei tool နဲ့​ရေးလိုက်​​တော့ imei ​ပေါ်လာပြီဗျ။Sim card ​တွေထည့်​​တော့ card 1 က ကဒ်​မသိဘူး။Card 2 က​တော့ လိုင်းတက်​သွားပြီ။Sim card အထိုင်​ဖြုတ်​ပြီးလဲ ပြန်​တပ်​ပြီးစမ်း​တော့ ကျွန်​​တော်​​ပြောတဲ့ မိုင်းစထိပါပြီ။Touch ဆွဲမရ​တော့ဘူး။ကိုယ့်​လက်​ဆ​တော့ကိုယ်​ယုံပါတယ်​။Sim အထိုင်​လဲတာ ဟိုဘက်​ခြမ်းက CPU ထိစရာမရှိဘူးဆိုတာ။စပြီးစစ်​ကြည့်​တယ်​။Touch socket ဖြုတ်​ပြီး 1.8v/2.8v စစ်​ကြည့်​တယ်​။ရှိ​နေတယ်​။SDAO 1.8V လည်းရှိ​နေတယ်​။SCLO 1.8V လည်းရှိ​နေတယ်​။Touch တပ်​ထားမှ ထွက်​ရမယ့်​ EINT5-CTP 1.8V မရှိဘူး။CTP-RST 1.8V လည်းမရှိဘူး။အဲဒီ ၂လိုင်းက CPU က​နေ R ​လေးတစ်​လုံးနဲ့ ဆက်​ထားတာ။ပုံမှာပြထားတဲ့ R ​လေးလဲ​ပေးပြီး socket ပြန်​တပ်​။Touch ​လေးတပ်​ပြီး စစ်​ကြည့်​​တော့ ​စော​စောက ​ပျောက်​​နေတဲ့ EINT5-CTP နဲ့ CTP-RST 1.8V ​တွေထွက်​​နေပါပြီ။အို​ကေ သွားပြီ​ပေါ့ဗျာ။အချိန်​ကိုက်​ ယခုလို အ​လျော်​ဇယားကပ်​လာပြီဆိုရင်​ ထူပူမသွားပါနဲ့။ဖြစ်​တဲ့​နေရာကို ဖြစ်​တတ်​တာ​တွေက​နေ တစ်​ဆင့်​ခြင်းစစ်​​ဆေးပြုပြင်​သွားကြပါလို့။
G730 U30 ရဲ့ touch လမ်း​ကြောင်းလိုက်​ခြင်းပြီးသွားပြီး အ​လျော်​ဇယား​လေးလွတ်​သွားပါပြီ

မူရင်းလခ့်>>> https://www.facebook.com/MgMoeHein/posts/1813032095693465


0 comments:

Post a Comment

 
အခုလိုလာရောက်အားပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြေင်းပြောကြားပရစေဗျာ။ how to fix error website သည် online ပေါ်ရှိဆရာတွေစေတနာဖြင့်တင်ထားသောနည်းပညာများကိုတစ်စုတစ်စည်းရှာရလွယ်ကူအောင်ပြန်လည်စုစည်းပေးထားခြင်ဖြစ်သည်။ How to fix error Adim team