https://static1.freebitco.in/banners/728x90-3.png

8/01/2017

LCD မှာအဖြူ ရောင်ပေါ်ပြီး...ရုပ်မထွက် ပြစ်ချက်..



ဖုန်းမှာ Sleep သွားချိန်ရောက်သော်လည်း LCD အဖြူ
ရောင် ကျန်ရှိနေခြင်းနှင် LCD မှာအဖြူ
ရောင်ပေါ်ပြီး...ရုပ်မထွက် ပြစ်ချက်..

Backlight ပိုင်းမှာ...LCD မတပ်ခင်မှာ
Height Voltage မတွေရဘူး လို့ ကျွန်
တော် အမြဲ သင်လေ့ရှိတယ်...အဲ့ဒီ အပေါ်
မှာ PM8110 သုံးထားသော ဆားကစ်
နှင့် ခြောက်ပင် Backlight အိုင်စီ လုပ်
ဆောင်မှု ကိုကြည့်ပါ....

အခုတွေ့ရတယ်....အဲ့ဒီမှာ အတွေး တစ်ခု ဝင်လာတယ်....511 တို့ Coolpad
5109တို့ သုံးတွေ ဆားကစ်တွေမှာ Height Voltage တွေ ကြမ်းတယ်အခုလဲ
Y610 U00 မှာ တွေ့ရတဲ့ ပြစ်ချက်
အဲ့ အပေါ်မှာ သုံးထားတဲ့ Backlight IC
ရဲ့ ပင်နံပါတ် ( ၂ ) နဲ့ ( ၃ ) ကို X1 Ohm
တိုင်းကြည့်တော့ 2 Ohm တက်နေတာ တွေ့ရတယ်....
အဲ့ဒီမှာ ထဲက ကြည့်ကြည့်ဗျ...ခြောက်ပင်
Back light IC မှာ ပင်နံပါတ် ( ၂ )က 
(GND) ဂရောင်းပင် ပင်နံပါတ် ( ၃ )က 
Backlight အိုင်စီရဲ့ အတွင်းပိုင်း OSC 
ထုပ်ဖို့ အရေးကြီးတဲ့ အပင် Feed Back
အစ သူကဘယ်ကလာလဲ ဆိုတော့ 
LCD ရဲ့ LED လမ်းကြောင်း K လို့ရေးထား နေရာနဲ့ တစ်ဆက်ထဲ ရှိရမဲ့
နေရာ

( ဒီနေရာမှာ Huawei Coolpad နဲ့ 
တရုတ်ဖုန်း တော်တော်များများ တူညီကြ)

ဖြစ်နေတယ်....အဲ့ အတွက် စောစောက
တိုင်းတာမှု မီတာ X1 Ohm စကေးမှာ ထားတိုင်း တော့ 2 Ohm လောက်တက်
နေတယ် ဘယ်ညာပြန်လှည့်တိုင်းတော့လဲ တက်
နေတယ်...အဲ့ထဲက ဘယ်လိုဘဲဖြစ်ဖြစ် 
အနှုတ်ဓာတ်တစ်ခု OSC အပင်( FB )
ကို အမြဲ ရောက်နေတော့ Height Voltage က ထွက်နေပါပြီ.....
ရုပ်ပေါ်တဲ့ အခြေအနေ ရောက်နေလဲ
အသုံးမပြုလိုလို့ Power ကီးကိုနှိပ်ပြီး
Sleep ထားတာပဲဖြစ်ဖြစ် Auto Sleep
ချိန်ပဲ ဖြစ်ဖြစ် LCD က အလင်းကျန်ခဲ့မှာ
တွေ့ရလိမ့်မည်( အဖြူရောင်)

မှတ်ချက်...ထိုနေရာတွင် ပုံမှန်ဆားကစ်
အကောင်းကို Ohm တန်ဖိုးကြည့်လျှင်
ပင်နံပါတ် ( ၂ ) နှင့် ပင်နံပါတ် ( ၃ ) အား
ရီစစ်စတာ ( 10 Ohm ) နှင့် ခွထားသဖြင့်
မီတာကို Ohm စကေး၏ X1 အမှတ်တွင်
ထားတိုင်းပါက ထို ရီစစ်စတာ တန်ဖိုးသာ
ပြနေရမယ်. တစ်ဖက်တွင် 10- Ohm
အတိပြပြီး ဘယ်ညာလှည့် တိုင်းလျှင်
အနဲငယ်တစ်ဖက်သာနေမည် ဖြစ်သည်
ထိုသို့ ဖြစ်ရခြင်းမှာ

( BL အိုင်စီ ခန့်မှန်းကောင်း မကောင်း မီတာ X1 စကေးနှင့် တိုင်းတာကြည့်နည်းပုံအရ ပင်နံပါတ် ( ၂ ) ကို မီတာ အနက်တံ ထား
ပြီး မီတာ အနီတံနှင့် ကျန် ၅ ပင်ကို လိုက်လံ တိုင်းလျှင် တစ်ဖက်သတ်တက်
နေရမည့် Diode ဒိုင်အုပ်သဖွယ်...
တွေ့နေရမည်...)

ယခု Y610 U00 သည် PM 8110 ဆားကစ် ဖြစ်နေပြီး backlightပိုင်း
အတွက် PWM ကို PM 8110 ၏ 
ပင်နံပါတ် ( 68- MPP3) မှ လမ်းကြောင်း
မှမောင်းနှင်ထားသည်..LCD PWM
( EN ) အတွက်က LCD အသုံးပြုထား
သည့် အပေါ်တွင် CPU မှ သုံးခြင်းနှင့်
PMU မှ သုံးသည့် သဘောတရားကို
သိနေရမည်..ယခု Y610 U00 အရ 
PWM volt က power key နှိပ်တာနဲ့
1.8 ထွက်လာတာ တွေ့ရတယ်... Sleep
ထားချိန် သုံးဖို့ Power Key နှိပ်လိုက်
LCD အလင်းထွက်တဲ့ အချိန်သာ မြင်
ရမှာပါ....

Backlight ပိုင်းလုပ်ဆောင်မှုတွေက
တူညီတာ များပါတယ် အရင်ကတော့
PMU ကနေ PWM ကို မသုံးထားဘူး
ဆိုတဲ့ အချက်တွေက နားလည်ရ ခက်
လာသလို မဖြစ်သွားဖို့ လိုတယ်...

လွယ်လွယ်တွေးရင်တော့ သုံးရလို့
သုံးလိုက်တယ်ပေါ့ဗျာ...ဒီဆားကစ်မှာ
ဒီလို Hardware ပစ္စည်းတွေ သုံးလို့ယူသုံး
ရတယ် မှတ်ယူသင့်တယ်...

ကျန်တာတွေကတော့ ဆက်လက်လေ့
လာပြီး အသိထပ်ရှာကြပေါ့နော်..

ခြောက်ပင် Backlight အိုင်စီတွေရဲ့
ပင် နာမည်တွေ စာရင်းပါ

၁ - SW ပါ

၂ - GND ပါ

၃ - FB ပါ ( LED ရဲ့ K လမ်းကြောင်းပါ
( OSC ) ထွက်ခြင်း မထွက်ခြင်း)

၎ - EN ပါ ( PWM ဘယ်ကထွက်ထွက်
ပေးဝင် ရမည့် နေရာ

၅ - V out ပါ ( pin - 1 / pin - 5 / pin -
6 တို့သည့် ကွိုင် နှင့် ဒိုင်အုပ် တို့ 
ဆက်နွယ်ရာ နေရာများဖြစ်သည်)

၆ - V in ( Vbat သို့ VPH PWR လမ်းမှ
ဝင်ရောက်ပေးမည့် ဗို့အားဖြစ်သဖြင့်
Battey ချိတ်လိုက်သည်နှင့် တိုက်
ရိုက်ဗို့ ရောက်ရှိနေရာ ဖြစ်သည့် 
အတွက် တန်းရှော့ ကျနေနိုင်မည့်
အနေထားရှိသည့် pointဖြစ်သည်

အခု LCD ရဲ့ Height Voltage ပိုင်းမှန်
နေပေမဲ့ အခု Y610 U00 က LCD 
ဖြူနေတဲ့ Error ကျန်နေတုန်းပါဘဲ
•••••••••••••••••••••••••••••••

ကျွန်တော် LCD ဖြူတဲ့ အပိုင်းမှာ အမြဲ
ပြောနေကြက.....Data အချက်အလက်
ကို CPU က နေပြီး MIPI Coil (ယခင်
RGB Coil ) အထွက်လိုင်းတွေမှာ ကွိုင်
လေးတွေ ပျက်နေတဲ့ အခြေအနေမှာ 
ရုပ် အချက်အလက် မရနိုင်လို့ LCD 
တောင် ဖြူစရာ မလိုဘူး ပြောတာများ
တယ်....LCD ဖြူနေရင် ခန့်မှန်းခြေ 
CPU ကနေ ရုပ်ဒေတာ အချက်အလက်
ရောက်တယ်...သတ်မှတ်ထားတယ်...
အဲ့ ဖြူနေမှုမှာ... ခန့်မှန်းဗို့ အခြေအနေ
သတ်မှတ်ထားတဲ့ Volt 2.8 နဲ့ 1.8 
ကို Volt တိုင်းတာ ရှာမယ်...တွေ့ရတယ်
ဆိုရင်...
၁ - LCD ကြောင့် ဖြစ်နေနိုင်လို့ LCD 
အသစ်စမ်းသတ်ဖို့ လိုတယ်....

၂ - LCD လဲတယ် မရဘူး ဆိုရင် Software စနစ် မှားယွင်းတတ်တဲ့ အခြေ
မျိုး ကြုံဖူးထားသူ ရှိလား အရင်ဆုံး အွန်
လိုင်းမှာ လေ့လာတာတို့ ကိုယ့်အရည်အ
ချင်းနဲ့ ကိုယ်သုံးသပ်တာတို့ စသဖြင့် နည်း
နဲ့ အဖြေရှာမယ်...

၃ - Reset လမ်းကြောင်းပေါ်မှာ စဉ်းစား
မှု ပြုလာရတော့မယ်....Analog ဆန်ဆန်
တွေးမယ်...လမ်းများပူးနေလား...
ပြတ်နေလား....အဲ့လိုမျိုးတွေလေးတွေကို စက်လာအပ်တဲ့ 
အခြေအနေ တွေပေါ်မှာ သုံးသပ်မယ်..

၎ - အချိန်နဲ့ တောင်းယူထားတဲ့ ဈေးအပေါ် မှာ မူတည်ပြီး....မိမိကြိုက်သလို....ဆုံဖြတ် ပြင်သင့်တယ်

အခု ဒီဖုန်းမှာက 1.8V လမ်းက ငြိမ်နေပြီး
2.8 Vက တော်တော် နည်းနေတော့ 
PM8110 ကြောင့် ဖြစ်နိုင်သလို သူ
ကထုပ်ပေးတဲ့ Volt လမ်းကြောင်းတူ
သုံးထားတဲ့ အပေါ်မှာ သုံးသပ် နိုင်တယ်

အဲ့ အတွက် Volt လမ်းကြောင်းက 
PM8110 ရဲ့ VREG L out put pin
တွေထဲကမှ VREG L- 19 အထွက်လိုင်း
ဖြစ်တဲ့ PM8110 ရဲ့ Pin နံပါတ် ( ၁၆ )
ကနေ ထွက်တဲ့ လိုင်းအဖြင့် တွေ့ရတယ်

( ဒီလိုမျိုးပြောနေတာက ကျွန်တော်ကိုယ်
တိုင် တည်ဆောက်မှု အနည်းငယ် တူတဲ့
လမ်းကြောင်း Diagram ကြည့်ပြီး မီတာနဲ့ လိုက်တိုင်းတာ ပြောနေတာပါ )

အဲ့ လမ်ကြောင်းအရ ရှိတဲ့ Diagram
ပေါ်မှာ ကြည့်လိုက်တော့ 2.8 V ထွက်ပေးတဲ့ ဒီလိုင်းပေါ်ကနေ GPS 
တို့ Touch နှင့် Camera - Sensor 
တွေဆီ ပေးနိုင်တာ တွေ့ရတယ်...
ဆားကစ်ပေါ်မှာ တော့မူတည်တယ် 
သူထုပ်တဲ့ 2.8 V လမ်းကြောင်းရဲ့ နိုင်
နင်းတောင့်တင်မှု အပေါ်မှာ လိုအပ်တာ
တွေ သုံးခွင့်ရတာကိုတော့ ခွဲခြားသိသင့်တယ်...

အခု Y610 U00 မှာက

G- Sensor

Proximity Sensor

Touch

LCD

တွေကို သုံးထားပြီး ကင်မရာကို Dc to Dc လေး ခံသုံးထားတာ တွေတော့
သူနဲ့ လမ်ကြောင်းတူတွေက အပိုင်းတွေ
ရဲ့ Load ဆွဲမှုလား LCD ရဲ့ 2.8V လမ်း
ကြောင်းလားလိုက်စစ်တော့ ...G- sensor မှာ တွေ့လိုက်ရပါတယ်...

အဲ့နေရာမှာ G- Sensor ကို ကျွန်တော်
တို့ C3H လို မျိုးတွေ့ရမှာ မဟုတ်ပါဘူး
အနဲငယ် သေးပါတယ်....

ဒီလို ရှင်းပြတဲ့ ဆိုတဲ့ ဟာက ခုဖြစ်တဲ့
ပြသနာ ပေါ်မှာ ဖြေရှင်းမှုမျိုးပဲရှိပါတယ်
ကျန်တဲ့ အချက်တွေ ကြုံလာခဲ့လဲ

ယခုလို လိုက်လံ စဉ်းစားပြင်ယူရင် 
ပြသနာ တွေက အဖြေထွက်မှာပါ

အဓိက သိသင့်တာက ဘယ်နေရာမှာ
ဖုန်းတစ်လုံးက ဘယ်နှဗို့ သုံးတာလဲ
အဲ့ဒီ Volt လမ်းက ဘယ်က ထွက်လာတာ
လဲ...ဘယ်လို စနစ်မျိုးလဲ... PMU က နေပဲ ပေးတာလား DC to DC Driver တွေ ခံပေးမလား သိနေဖို့
လေ့လာမှု တွေ လုပ်ရမယ် Diagram တွေ ဖတ်တတ်နားလည်အောင် လုပ်မယ်...
ဆိုတာလေးပါ....

စိတ်ရှည် လက်ရှည် ဖတ်သွားလို့
ကျေးဇူးပါ....
နားလည် သွားရင် ကျေနပ်ပါတယ်..
အမှားယွင်းများ ပါလာခဲ့ရင်လဲ...
ပြန်လည်ရှင်းပြခြင်းမျိုးဖြင့် ကူညီစေ
လိုပါတယ်....

•••••••••••••••••••••••••••••••

ပုံ နှစ်ပုံက တစ်ပုံက Backlight Circuit
Duagram ပါ မရှင်းရင်တော့
Diagram တွေမှာ ကြည့်လျှင်
တွေ့ရမှာပါ......

တစ်ပုံကတော့ အိုင်စီ ရေတွက်ပုံပါ..
အစက် အပြာရောင်လေးက အိုင်စီကို
စာအတည့် အနေထား မြင်ရတဲ့ ဘက်ပါ
ရေတွက်တဲ့ အခါမှာ... အစက်ကနေ 
ညာဘက်ကို ပြန်လည် ရေတွက်ရတာပါ

မူရင်းလခ့် >>>https://www.facebook.com/groups/892922320741381/permalink/1065024340197844/

1 comments:

Unknown said...

Thank...

Post a Comment

 
အခုလိုလာရောက်အားပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြေင်းပြောကြားပရစေဗျာ။ how to fix error website သည် online ပေါ်ရှိဆရာတွေစေတနာဖြင့်တင်ထားသောနည်းပညာများကိုတစ်စုတစ်စည်းရှာရလွယ်ကူအောင်ပြန်လည်စုစည်းပေးထားခြင်ဖြစ်သည်။ How to fix error Adim team