https://static1.freebitco.in/banners/728x90-3.png

11/25/2017

9008 Mode ဆိုတာ ဘာလဲ


9008 Mode ဆိုတာ ဘာလဲ

9008 Mode ဆိုတာ Qualcomm processer ရဲ့ Emergency Download Mode ကို ဆိုလိုတာပါ   Emergency Download Mode ဆိုတည်းက အရေးပေါ် အသုံးဝင်တဲ့  Mode တစ်ခုပါပဲ 
9008 ကို တစ်နည်းအားဖြင့် Qualcomm HS USB QDloader Mode လို့လဲခေါ်ပါတယ် 
Qualcomm ဖုန်းတစ်လုံး Hardware ပိုင်းသာ ကောင်းနေပါစေ 9008 Mode ၀င်လို့ ရ ရင် Software ပိုင်းအနေနဲ့ ဘာပဲဖြစ်နေဖြစ်နေ ကယ်တင်လို့ ရပါတယ် 
9008 Mode ၀င်ဖို့ Computer မှာ Qualcomm Hs USb Driver ကိုတော့ မောင်းနှင်ပေးထားရပါမယ်
9008 ကို ၀င်နည်းတွေကတော့ 
Command နဲ့ ၀င်နည်း 
Key တွေ နှိပ်ပြီး ၀င်နည်း
Jig ကို အသုံးပြုပြီး ၀င်နည်းနဲ့ 
TestPoint ထောက်ပြီး ၀င်နည်းဆိုပြီးတော့ ကျနော် သိသလောက်တော့ လေးမျိုးလောက်ရှိပါတယ် နောက်ထပ်ရှိချင်လဲ ရှိနိုင်ပါသေးတယ် 

Command ဖြင့် ၀င်နည်း 
Adb Mode သိသေးတဲ့ အနေအထားဆိုရင် adb reboot edl လို့ ရိုက်လိုက်ပါက 9008 ကို ရောက်ပါတယ်
 9008 ကို ရောက်မရောက် ဘယ်လိုကြည့် မလဲ ဆိုတော့ Computer မှာ window key+R key ကို တွဲနှိပ်ပြီး RUN Box ခေါ်လိုက်ပါ ပြီးရင် devmgmt.msc လို့ ရိုက်လိုက် Device Manager ကိုရောက်သွား ပါလိမ့်မယ် 
Device Manager ရဲ့ Ports(COM&LPT) ဆိုတဲ့ နေရာမှာ Qualcomm HS-USB QDloader 9008 (COM*) ဆိုပြီးပေါ်နေပါလိမ့်မယ် သို့သော် ဒီနည်းကအလုံးတိုင်းတော့ ရမည် မဟုတ်ပါ 
Fastboot Command ဖြင့် ၀င်နည်း 
ဖုန်းကို fastboot Mode ၀င်လိုက်ပါ 
င်္fastboot oem edl လို့ရိုက်ပါ   မရသေးရင် 
fastboot reboot-edl လို့ ရိုက်ပါ  ဒီနည်းကလဲ အလုံးတိုင်းတော့ အဆင် မပြေပါ 

Key တွေနဲ့ နှိပ်ပြီး ၀င်နည်း 
Vol Key များနှင့် edl mode ၀င်နည်း
မိမိရဲ့ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် vol up + vol down ကို နှိပ်ပြီး
ကြိုးထိုးလိုက်တာနဲ့ မိမိရဲ့ ဖုန်းဟာ Vibrate တစ်ချက်တုန်သွားပါလိမ့်မည်။
Device Manager >> Ports ( COM & LPT) မှာလည်း
“Qualcomm HS-USB QDLoader 9008.” ဆိုပြီး
သွားပေါ်နေပါလိမ့်မည်။ဒါဆိုရင်လည်း edl mode ၀င်သွားပါပြီ။

မိမိရဲ့ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် vol up + vol down ကို ဖိထားပြီး power ကို တစ်ချက်ဖိလိုက်ပါ။ Vibrate တစ်ချက် တုန်သွားပါလိမ့်မည်။
ပြီးရင် ဖိထားသော လက်များကို အားလုံး လွှတ်ပေးလိုက်ပါ။
Vibration တုန်တာနဲ့ တန်းလွှတ်ရမည် ဖြစ်ပါသည်။
Device Manager >> Ports ( COM & LPT) မှာလည်း
“Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။

မိမိရဲ့ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် vol dwn + power ကို ဖိထားပါ။
logo တက်လာပါလိမ့်မည်။ 3second လောက် ထပ်ဖိထားပါ။ပြီးရင်
ဖိထားသော လက်များကို လွှတ်ပေးလိုက်ပါ။PCBA Test , MMI Test
Audio Test , Sensor Test , Hardware Info , fastboot , recovery ,
download , English , Power off function တွေ တက်လာပါလိမ့်မည်။
အဲ့ဒီအထဲကမှ download ကို ရွေးပေးလိုက်ပါ။ black screen
ဖြစ်သွားပါလိမ့်မည်။ Device Manager >> Ports ( COM & LPT) မှာလည်း
“Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။ဒီနည်းကလဲ အလုံးတိုင်းတော့ ရမည် မဟုတ်ပါ 
Jip ကြိုးနဲ့ ၀င်နည်းပါ

ဖုန်းပါဝါ ပိတ်လိုက်ပါ. Jip ကြိုးက ခလုပ်ကို ဖိပြီး PC နဲ့
Ph နဲ့ ကြိုး ထိုးလိုက်ပါ. ပြီးရင် Jip ကြိုးက ခလုပ်ကို လွတ်ပါ
ဒါဆို PC က Device Manager >> Ports ( COM & LPT) မှာလည်း
“Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။
Logo ရပ်နေတယ် ဆိုရင်လည်း Logo ရပ်နေတဲ့ အနေအထားကနေ
Jip ကြိုးက ခလုပ်ကိုဖိပြီး PH နဲ့ PC ကြိုးထိုးလိုက်ပါ. ပြီးရင် Ph က Power
ခလုပ်ကို ဖိထားလိုက်ပါ power ပိတ်သွားပီးမှ Jip ကြိုးက ခလုပ်ကို လွတ်ပါ။
Device Manager >> Ports ( COM & LPT) မှာလည်း
“Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။အလုံးတိုင်းမရပါ 

နောက်ဆုံးနည်းကတော့ Test Point ပါ။
အသေချာဆုံး နည်းလမ်းနဲ့ အရှင်းဆုံး နည်းလမ်းလေးပေါ့
(အဖုံးခွာရင် Warranty ပျက်တာ မို့လို့ Software ပိုင်းနဲ့
ဘယ်လို မှ ၀င်လို့ မရတဲ့ အခြေအနေမှ ၀င်ဖို့ အကြံပေးချင်ပါတယ်)
Qualcommm ဖုန်းတွေမှာ 9008 Mode ၀င်လို့ ရတဲ့ Testpoint လေးတွေ ရှိပါတယ် အဲ့point လေး နှစ်ခုကို ဇာဂနာလေးနဲ့ထောက်ပြီး ၀င်ရမှာဖြစ်ပါတယ် ဒီနည်းကတော့ အလုံးတိုင်း အဆင်ပြေပါတယ် 

မှတ်ချက် ။ ခုနောက်ပိုင်း Xiaomi အမြင့်ဖုန်းတွေ
(eg, Mi5, Mi Note bambo , Mi Mix ) တွေ 9008 ၀င်ဖို့
Test Point တစ်နည်းသာဝင်လို့ ရပါသေးတယ် .။ တခြားနည်းနဲ့
ဝင်လို့ ရနေတယ်ဆိုရင်လည်း update လုပ်ပြီး တင်သွားပေးပါမယ်
 အားလုံးပဲ အဆင်ပြေကျပါစေ

credit Mon Gyi


အခုလိုလာရောက်အားပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြေင်းပြောကြားပရစေဗျာ။ how to fix error website သည် online ပေါ်ရှိဆရာတွေစေတနာဖြင့်တင်ထားသောနည်းပညာများကိုတစ်စုတစ်စည်းရှာရလွယ်ကူအောင်ပြန်လည်စုစည်းပေးထားခြင်ဖြစ်သည်။ How to fix error Adim team

0 comments:

Post a Comment

 
အခုလိုလာရောက်အားပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြေင်းပြောကြားပရစေဗျာ။ how to fix error website သည် online ပေါ်ရှိဆရာတွေစေတနာဖြင့်တင်ထားသောနည်းပညာများကိုတစ်စုတစ်စည်းရှာရလွယ်ကူအောင်ပြန်လည်စုစည်းပေးထားခြင်ဖြစ်သည်။ How to fix error Adim team