https://static1.freebitco.in/banners/728x90-3.png

7/31/2017

speaker မလာတဲ့ error အဖြစ်များတဲ့ပုံစံ



မနေ့က Group တစ်ခုထဲမှာ
A33w neo7 speaker way လေးမေး
ထားတာလေး တွေ့လို့ 
ပြောပြမလို့ လိုက်ရှာတာ
မတွေ့တော့ဘူး။

ခဏ ခဏမေးတာတွေ့လို့
အဲ့ဒီကောင် speaker မလာတဲ့ error
အဖြစ်များတဲ့ပုံစံပါဘဲ။

သူက တစ်ခြားဖုန်းတွေလို
mt 6323 power ic 
သုံးထားပေမဲ့ အသံပိုင်းကို power ic အောက်မှာ
speaker + နဲ့ speaker - ကို 
Nc လုပ်ထားပါတယ်။

Loud speaker အတွက်အသံကို
power ic ထဲက ဘဲ HPRDP နဲ့
HPRDN ဆိုတဲ့ လိုင်းလေးတွေကနေ
ထုတ်ထားတယ်။

အဲ့ဒါကြောင့် လုပ်နေကျအတိုင်း
jumper ကျော်ဖို့
Coil မဲမဲကြီးနှစ်လုံးနေရာမှာ
Hprdp နဲ့hprdn ဆိုပြီး (0ohm)Rသေးသေးလေးနှစ်လုံးကိုဘဲ
သုံးထားပါတယ်။

နောက်တစ်ချက်က သူကအသံထွက်ဖို့
အတွက် audio ic လေး ကြားထဲထည့်ခံ
ထားတယ် အဲ့ဒါက တစ်ချို့ဖုန်းတွေမှာလဲ
ပါပေမဲ့ သူကတော့ အဲ့ဒီ့ ic ကို vပေးတဲ့
အပိုင်းမှာ 5v ic ဆိုတဲ့ ic သေးသေးလေး
တစ်လုံးကို ခံပြီး vph pwrက v 
ကို မြှင့်ပြီးသွင်းသွားတဲ့ပုံစံပါဘဲ။

အသံမထွက်ရင်စစ်ရမဲ့အပိုင်းက 
အဲ့ဒီ့ကောင်ပါသွားတယ်။ဒါပေမဲ့ တစ်ဆင့်ခြင်း
စီခွဲပြင်မယ်ဆိုရင် တိတိကျကျ စမ်းပြီးပြင်
လို့ရပါတယ်။အဲ့လိုမျိုးလာတဲ့အလုံးတိုင်း
ဒီနည်းနဲ့ပြင်ရင် အလွယ်တကူပြင်လို့ရ
ပါတယ်။

အကျမ်းဖျဉ်းလေး စမ်းပြမယ်။

(1) ဘယ်ကပျက်တာလဲ အရင်စမ်းကြည့်မယ်
အရင်ဆုံး audio ic လေးနားက coil
မဲမဲကြီးနှစ်လုံးနဲ့ အောက်ခြမ်းက
speaker တပ်ထားတဲ့ ငုတ်လေးနှစ်ခုကို
မီတာနဲ့1x မှာထားပြီးဆက်သွယ်မှု
တိုင်းလိုက်မယ်။ဆက်သွယ်မှုရှိရင်
အောက်ခြမ်း ကြိုးပြား တာဝန်ကျေပြီ။

power ic ဘေးမှာ ကျွန်တော်
မျဉ်းကြောင်းလေးထိုးပြထားတဲ့ R လေး
နှစ်လုံးကို speaker အကောင်းလေးတစ်လုံး
က ငုတ်နှစ်စကိုjumper ကျော် ပြီးလာဆက်
ပေးထားလိုက်ပါ။

ပြီးရင် ပြန်Powerဖွင့်ပြီး အသံစမ်းကြည့်
လိုက်ပါ။ power ic ကောင်းနေရင်
အသံတိုးတိုးလေးမြည်မယ်။

အသံမမြည်ရင်တော့ power ic လဲပေါ့။

(2) ခုနက power ic ဘေးက Rလေးတွေ
နဲ့ audio ic လေးနားက ပြထားတဲ့လမ်း
ကြောင်းလေးတွေ အဆက်အသွယ် ရှိလား
တိုင်းလိုက်မယ် ရှိနေရင် လမ်းကြောင်းလဲကောင်း
တယ် ခုနက စမ်းတုန်းက အသံတိုးတိုးလေး
ထွက် နေတဲ့ အတွက် power ic ကိုလဲ
ပယ်လိုက်မယ်။

(3) ဒါဆို စဉ်းစားစရာက
audio ic လေး ကျန်မယ်။
ခုနကပြောတဲ့ 5v ic လေးကျန်နေမယ်။

အရင်ဆုံး audio ic ဘေးနားလေးမှာ
4.5 v လေး ရှိနေလား ကျွန်တော်မျှား
လေးထိုးထားတဲ့နေရာလေးမှာတိုင်း
ကြည့် ရှိရင် 5v ic ထပ်ပယ်လိုက်မယ်
မရှိရင် jumper လို့မျှားပြထားတဲ့နေရာလေး
ကို သူ့ဘေးနားကငုတ်လေးနဲ့ပုံထဲက
အတိုင်း jumper လုပ်လိုက်မယ်ဆိုရင်လဲ
ရနိုင်မယ်ထင်ပါတယ်။

အဲ့လိုမှ မလုပ်ချင်လဲ 3.7 v ကနေ
တိုက်ရိုက်ယူချင်လဲ audio icလေး
နားက 4.5 ထွက်ရမဲ့ C စီကို
ယူပေးလိုက်လို့လဲ
ရတယ်။

အဲ့ဒီ့ v လေး ရောက် ရင် 
audio ic ကို cpu ကလှမ်းပြီး
en လုပ်ပေးထားတဲ့ R လေးကို
စစ်မယ် 
speaker pa လေးကို
en လုပ်ပေးတဲ့ လမ်းကြောင်းလေးလဲကောင်း
နေရင် 
power ic ကနေ ထွက်လာတဲ့အသံလေးကို
မြှင့်ပြီးထုတ်ပေးမဲ့
audio ic လေး လဲလိုက်ပါ။

ပုံလေးတွေတော့ လှမှာမဟုတ်ဘူး။

အမှားပါရင်လဲ ပြင်ပေးကြပါဗျာ။

အဆင်ပြေပါစေဗျာ။

မူရင်းလခ့် https://www.facebook.com/permalink.php?story_fbid=323472394747136&id=100012531349336



0 comments:

Post a Comment

 
အခုလိုလာရောက်အားပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြေင်းပြောကြားပရစေဗျာ။ how to fix error website သည် online ပေါ်ရှိဆရာတွေစေတနာဖြင့်တင်ထားသောနည်းပညာများကိုတစ်စုတစ်စည်းရှာရလွယ်ကူအောင်ပြန်လည်စုစည်းပေးထားခြင်ဖြစ်သည်။ How to fix error Adim team