မီတာတိုင်းနည်းကို ပုံသေမှတ်စရာ မလိုအောင်ယူဆခြင်းနှင့် မှားနိုင်သည့် အယူအဆများရိုးရိုး analog မီတာသည် 1X လိုင်း၌ထားတိုင်းစဉ်မီတာလက်တံအရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်သောဗို့အား 3V ခန့်ထွက်ရှိပြီးDigital မီတာမှာကြတော့ မီတာအနီတံသည် အပေါင်းအနက်တံသည် အနှုတ်ဗို့ မှန်ကန်စွာ ထွက်ရှိနေတာမို့မီတာတိုင်းသည့်အခါရိုးရိုးမီတာနှင့် Digital မီတာသည် ပြောင်းပြန်ယူဆရပါမည်Short ရှိ မရှိ သိလို၍ အုမ်းမီတာဖြင့်တိုင်းကြည့်မိသည့်အခါ လျှပ်သိုခေါ် Capacitorများ၏ဗို့အားသိုလှောင်ထားမှုကြောင့်အုမ်းမီတာ ပျက်ယွင်းရမှုများကြုံဖူးကြမှာပါဗို့အားပေးသွင်းထားချိန် short မတိုင်းရပါဘူးလမ်းကြောင်းကောင်းမကောင်း အုမ်းတန်ဖိုးမတိုင်းရပါဘူးမီတာပျက်တတ်ပါတယ်ဒါပေမယ့် တကယ်တမ်း short တိုင်းတဲ့အခါအုမ်းတိုင်းတဲ့အခါ ဗို့ပေးပြီး တိုင်းတာပါပဲပြောချင်တာက(၁) အပြင်ဗို့လိုင်းပေးပြီး short တိုင်းနည်း နဲ့(၂) မီတာထဲကထွက်တဲ့ ဗို့အားနဲ့ဗို့ပေးပြီးတိုင်းနည်းဆိုပြီး ပြောပါမယ်ကောင်းမကောင်းသိလို တိုင်းလိုတဲ့ဆားကစ်ရဲ့အပေါင်းပေးရမယ့်ငုတ်ရယ်အနှုတ်ပေးရမယ့်ငုတ်ရယ် အဲ့ငုတ် နှစ်ခုရဲ့ကြားမှာဆားကစ်က အလယ်က လို့မြင်ယောင်ကြည့်လိုက်(diodeကဲ့သို့)အဲ့ ဆားကစ်ကိုမီတာလက်တံမှထွက်သော ဗို့အားဖြင့်အမှန်အတိုင်းပေးသွင်းပြီး အလုပ်လုပ်စေတာကိုForward Bias လို့ ဒိုင်အုတ်မှာ တုန်းကလိုခေါ်ကြည့်မယ်ဗျာဒါဆို ဆားကစ်က အကောင်းဆို အမ်ပီယာစီးဆင်းမှုရှိလို့ မီတာလက်တံနှစ်ခုမှထွက်နေသော ဗို့အားက ပင်ရင်းဗို့အား supply Source အဖြစ်အလုပ်လုပ်ပြီး မီတာတံအတက်ပြရမယ်ဗျာဒါပေမယ့် ဒါက အယူအဆပဲရှိပြီး တကယ်တမ်းကျတော့ မီတာမှာ အဲလို Forward Bias ပေးသွင်းရင်မီတာလက်တံ အတက်မပြဘူးဗျာဒါကို ဘယ်လိုယူဆကြမလဲကျွန်တော်မြင်မိတာကတော့ မီတာမှထွက်သောဗို့အားသည်ဆားကစ်ကို အမှန်အတိုင်းဗို့ကျွေးခြင်းForward bias ဖြစ်ပေမယ့်ဆားကစ်အမှန်တကယ်အလုပ်မယ့်ဗို့အားကဥပမာ 12V လောက်ပေးမှဗို့100လောက်ပေးမှ220V ပေးမှ အလုပ်လုပ်မယ့် ဆားကစ်ဆိုပါစို့အဲ့လို ဆားကစ်ကိုမီတာကထွက်တဲ့ ဗို့အားသေးသေးအမ်ပီယာ သေးသေး နဲ့ အမှန်အတိုင်းဗို့ကျွေးပါသော်လည်း ဆားကစ်ရဲ့ခုခံမှုကိုကျော်ဖြတ်နိုင်လောက်တဲ့ Force ခေါ်Volt ampere မှမရှိတာဒီတော့ ဆားကစ်သည် မီတာအတွက် ဖြတ်သန်းစီးဆင်းလို့မရနိုင်တဲ့ Open Circuit အဖြစ်ပဲ ဖြစ်နေလို့မီတာမှထွက်သောဗို့အားဖြင့် ဆားကစ်ကိုအမှန်အတိုင်းဗို့ကျွေးတိုင်းတာပါသော်လည်းမီတာလက်တံ အတက်မပြရခြင်းဖြစ်ပါတယ်ဒီလိုမပြတာကိုပဲကျွန်တော်တို့က ကောင်းမွန်တဲ့ဆားကစ်Short မရှိတဲ့ဆားကစ် လို့အကြမ်းဖြင်း ယူဆလိုက်ကြပါတယ်ဒါကြောင့် မီတာမှထွက်သောဗို့အားဖြင့်အမှန်အတိုင်း ဆားကစ်ကိုဗို့အားပေးသွင်းကြည့်ပါက မီတာလက်တံအတက်မပြရဘူးဒါကို (တစ်ဖက်မပြ လို့ မှတ်ပါတယ်)Forward Bias လို့ မှတ်ပါတယ်ပြောင်းပြန်ဗို့ပေးပြီး တိုင်းတဲ့အခါနဂိုကတည်းက ဆားကစ်တစ်ခုဟာ အမှန်အတိုင်းဗို့အားပေးသွင်းမှု အခြေအနေမှာဘယ်နေရာကတော့ ဘယ်ဗို့နဲ့ ဘယ်လောက်အမ်ပီယာမှာစီး ဘယ်နေရာကတော့ဗို့ကိုဘယ်လောက်လျှော့ယူ စသဖြင့် တွက်ချက်ကန့်သတ်စီးဆင်းခိုင်းထားခြင်းဖြစ်ပြီး စီးချင်းတိုင်းအမ်ပီယာကို ပေးစီးမထားပါဘူးပြောင်းပြန်ဗို့အား ပေးသွင်းမိတဲ့အခါ အဲလိုအမ်ပီယာကိုကန့်သတ်ထိန်းချုပ်ထားမှုများမှ သွေဖယ်ကင်းလွတ်ပြီးမှားယွင်းစွာ စီးချင်သလိုစီးဆင်းမှုကြောင့် မီတာတံအတက်ပြခြင်း supply ဖြင့်ဖုန်းကိုမှားချိတ်မိပါကShort အချက်ပြသံပေးပြီး အမ်ပီယာ မတရားတက်ခြင်းစသည်တို့ ကြုံတွေ့ရခြင်းဖြစ်ပါတယ်ဒါကို (တစ်ဖက်ပြတယ်လို့) ခေါ်ပါမယ်ပြောင်းပြန်တိုင်းလို့ ဆားကစ်မှားယွင်းစွာအလုပ်လုပ်ပြီး မီတာလက်တံအတက်ပြတာကိုပဲအဲလိုမှားယွင်းမှုကို အသုံးချပြီးအော် ဒီဆားကစ် လမ်းကြောင်းကောင်းတယ်Open ဖြစ်မနေဘူး Ohmတန်ဖိုးပြတယ်ဒီလိုတန်ဖိုးပြနေရင် ပုံမှန်ဖြစ်လောက်တယ်လမ်းကြောင်းကောင်းတယ်ဆိုပြီးဖုန်းပြင်သမားတွေ အဓိက တိုင်းတိုင်းနေကြတဲ့Ohm Check စနှစ်ဆိုလား ဘာလား ဖြစ်လာတာပေါ့ဒါဟာ Reverse Bias ကို အသုံးချပြီးမှားယွင်းသော ဗို့အားပေးသွင်းမှုဖြင့်ဆားကစ်လမ်းကြောင်း ကောင်းမကောင်းကိုသိရှိဆုံးဖြတ်လိုက်တာပါမီတာဖြင့် Forward Bias ပေးသွင်းတိုင်းတာရင်Short တိုင်းခြင်းဖြစ်ပြီးပြောင်းပြန် Reverse Bias ပေးသွင်းတိုင်းတာရင်လမ်းကြောင်း ကောင်းမကောင်း တိုင်းတာခြင်းအိုင်စီ ခဲလွတ်နေခြင်းရှိမရှိ တိုင်းတာခြင်းဖြစ်ပြီးဒီလို ပြောင်းပြန်တိုင်းလို့ မီတာလက်တံအတက်ပြတဲ့ အခြေအနေကို ကြည့်ပြီးတော့လည်းဆားကစ်ရဲ့ အပေါင်းလမ်းကြောင်း အနှုတ်လမ်းကြောင်း ခွဲခြားသိမြင်နိင်မှုတစ်ခု ထပ်မံရှိလာပြန်တယ်ပြောချင်တာက စက်တစ်လုံးကို အဖုံးမဖွင့်ကြည့်ဘဲဘယ်ငုတ်က အပေါင်းဘယ်ငုတ်က အနှုတ်ဖြစ်မလဲ ဆိုတာကိုသိချင်တဲ့အခါမီတာဖြင့် အဲ့ဆားကစ်ကိုပြောင်းပြန်ဗို့အား ပေးသွင်းကြည့်ပါမီတာတံ အတက်ပြတဲ့အခါ မီတာလက်တံရဲ့ အရောင်အတိုင်း ယူဆလိုက်ပါသဘောကမီတာတံ အနက်ရောင် ထောက်ထားခြင်းခံရတာသည်ဆားကစ်၏ GND လမ်းကြောင်းဖြစ်ပြီးအနီတံထောက်ထားရာသည် အပေါင်းလမ်းကြောင်းဖြစ်ပါသည်(ရိုးရိုး analog meter ဖြင့်)ဆားကစ်ကို မီတာဗို့အားက ပြောင်းပြန်ပေးသွင်းထားတယ်ဆိုပေမယ် မီတာလက်တံအရောင်ရဲ့သင်္ကေတကဆားကစ်အပေါင်း အနှုတ် နဲ့ ထပ်တူကျနေလို့အရောင်အတိုင်း အပေါင်းအနှုတ် ခွဲလိုက်တဲ့သဘောပါခုလို Reverse Bias ခေါ်ဗို့အားကိုပြောင်းပြန်ပေးသွင်းစမ်းသပ်တိုင်းတာခြင်းနည်းလမ်းတွင် သိထားရမှာတစ်ခုက12V ဖြင့်အလုပ်လုပ်သော ဆားကစ်ကို12V ဖြင့် ပြောင်းပြန်ပေးသွင်းကြည့်ခြင်း9V ဖြင့်အလုပ်လုပ်သော ဆားကစ်ကို9V ဖြင့် ပြောင်းပြန်ဗို့အား ပေးကြည့်ခြင်းလုပ်လို့မရပါဘူးဆိုလိုတာက ဆားကစ်အလုပ်လုပ်စေနိုင်တဲ့ဗို့အားပမာဏ တစ်ခုနဲ့ ပြောင်းပြန်ပေးသွင်းခြင်းမျိုး လုံးဝ မလုပ်သင့်ပါဘူးဆားကစ်အကောင်းတောင် ပျက်စီးသွားနိုင်ပါတယ်ဒါကြောင့် ဖုန်းဆားကစ်တွေလမ်းကြောင်းကောင်းမကောင်း အုမ်းတိုင်းချင်တဲ့အခါရိုးရိုး analog မီတာထက် Digital မီတာကိုသုံးတာက ပိုပြီး ဘေးကင်းပါလိမ့်မယ်ဘာဖြစ်လို့လည်း ဆိုတော့ ရိုးရိုးမီတာမှထွက်သော 3V သည် ဖုန်းဆားကစ်အတွင်းရှိတစ်ချို့သောအိုင်စီများ chipများအလုပ်လုပ်နိုင်လောက်သော ပမာဏဗို့အားဖြစ်နေပြီး အဲဒါကို Reverse Bias အနေနဲ့ပြောင်းပြန်ပေးသွင်းမိသည့်အခါဖြစ်စေ1.1V 2.1V စသည့် ဗို့အားအနည်းငယ်သာသုံးသော လမ်းကြောင်းများတွင် ပြောင်းပြန်မဆိုထားနှင့် အမှန်အတိုင်း ဗို့အားပေးသွင်းမိသလိုဖြစ်ပါကလည်း ဆိုးကျိုးများရှိလာနိုင်ကြောင်းတစ်ချို့သောအဝင်ခုခံမှုအလွန်ကြီးမားသည့်နေရာမျိုး၌Electrostatic ခေါ် တည်ငြိမ်လျှပ်စစ်လက်နဲ့ထိရင်ကို ပျက်နိုင်တဲ့နေရာမျိုးတွေရှိကြောင်းဖတ်မှတ်သိရှိထားဖူးတာမို့ဖုန်းပြင်သမားများသည် ရိုးရိုး analogမီတာကို ဥာဏ်ရှိသလိုသာ ထိန်းသိမ်းအသုံးပြုသင့်ပါသည်Diode နှင့် ဆားကစ်တစ်ခုတို့ကိုမီတာဖြင့် ဗို့အားပေးသွင်းတိုင်းတာရာတွင်ပြောင်းပြန်သဘောတရားတစ်ခု ရှိနေပါသည်Diode ကို ဗို့အားအမှန်အတိုင်းပေးသွင်းမှုForward bias ပေးတုန်းကအမ်ပီယာ စီးဆင်မှု ဖြစ်ပေါ်ပြီးပြောင်းပြန် Reverse bias ပေးသွင်းပါကတားဆီးပိတ်ပင်ထားပြီး current မစီးပါမီတာလက်တံ မတက်ပါဆားကစ်ကို Forward bias အဖြစ်အမှန်အတိုင်း ဗို့ပေးရာမှာကြတော့ဆားကစ် အလုပ်လုပ်နိုင်လောက်တဲ့ အမ်ပီယာ ဗို့အား ပမာဏတို့မရှိတာကြောင့်လားရာ မှန်ပေမယ့် Current မစီးပါဘူးပြောင်းပြန်ဗို့အား ပေးသွင်းတာကြတော့ဆားကစ်၏မှားယွင်းစွာ လုပ်ဆောင်အမ်ပီယာစီးဆင်းစေမှုကြောင့်current စီးမီတာတံ အတက်ပြပါတယ်ဒါကြောင့် ဆားကစ်နဲ့ diode တို့ကိုပြောင်းပြန်ယူဆရမှာဖြစ်ကြောင်း.......အလွယ်မှတ်မည်ဆိုပါကDigital မီတာတွင် လက်တံအနီကို GNDမှာ ပုံသေထောက်ပြီး အနက်တံဖြင့် အုမ်းတန်ဖိုး လိုက်တိုင်းရပြီးဒါသည် Reverse bias ဖြစ်ကာ တန်ဖိုးပြရပါမည်(Analog meter ကပြောင်းပြန်မှတ်ပါ)Short တိုင်းချင်ပါကလက်တံအနက်ကို GND မှာထောက်ပြီးအနီတံဖြင့် အပေါင်းလမ်းကြောင်းတွေလိုက်ထောက်တန်ဖိုးပြ တတီတီမည်နေရင် short ပဲဒီထက်ပိုလွယ်အောင်မှတ်ချင်ရင်တစ်ဖက်ပြ တစ်ဖက်မပြ ကောင်း၏နှစ်ဖက်လုံးပြ shortတစ်ဖက်မှမပြ open ပေါ့အပြင်ဗို့အားပေးသွင်းပြီး ပေးသွင်းထားစဉ်Short တိုင်းနည်းကို နောက်မှ ဆက်ပါတော့မယ်နေဝင်းအီလက်ထရောနစ်(မှားယွင်းသောယူဆမှုများဖြစ်ခဲ့ပါက သင်ဆရာ မြင်ဆရာများ၏အမှားမဟုတ်ဘဲမိမိတွင်သာ အပြစ်ရှိပါကြောင်း)မူရင်း https://www.facebook.com/naywin.naywin.545/posts/1977785812486644 အခုလိုလာရောက်အားပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြေင်းပြောကြားပရစေဗျာ။ how to fix error website သည် online ပေါ်ရှိဆရာတွေစေတနာဖြင့်တင်ထားသောနည်းပညာများကိုတစ်စုတစ်စည်းရှာရလွယ်ကူအောင်ပြန်လည်စုစည်းပေးထားခြင်ဖြစ်သည်။ How to fix error Adim team
0 comments:
Post a Comment