ဒါက Huawei C8813 ကို
နမူနာယူပြီးပြပေးထားတာပါ။
ပုံထဲမှာ ပင်နံပါတ် ၁က အပေါင်းဗို့ ဝင်ထားပြီး
ပင်နံပါတ် ၅ ကို Ground ချပေးထားပါတယ်။
ကြားထဲက ပင်နံပါတ် ၂-၃-၄ ကို
မျက်စိရှုပ်မှာစိုးလို့ ဖျောက်ပေးထားပါတယ်။
ဆားဗစ်ဆရာတစ်ယောက် ပိုစ့်တင်လိုက်တယ်
အားမ၀င်ဘူး လမ်းကြောင်းစစ်တော့
Resistor (RV903)လေးပျက်နေတာတွေ့ တယ်ပေါ့။
အစားထိုးခြင်း (သို့ ) Jumper လုပ်ခြင်း
တစ်ခုခုလုပ်လိုက်တယ်။အားပြန်ဝင်သွားတယ်။
စာဖတ်သူက အဲဒီပုံလေးကို Save လိုက်တယ်။
သူ့ အလှည့်ကျတော့ Resistor
(RV903)လေးဖြုတ်လဲလိုက်တယ်။
ပြီးတော့ အားမ၀င်ဘူး။
အဲဒီတော့ ဘာဖြစ်သလည်း။
ပေါက်ကရ Comment တွေ
လာပေးတတ်ပါတယ်။
ပိုစ့်တင်တဲ့သူဖက်ကကြည့်ပြန်တော့လည်း
မမှားသလို စာဖတ်သူဖက်ကကြည့်ပြန်တော့လည်း
နည်းပညာပိုင်းအားနည်းတဲ့အတွက်
ပြန်ပြောရခက် ခက် ခက်ပေါ့ဗျာ။
ဒီပုံလေးကို အနည်းငယ်ရှင်းပြပါမယ်။
အားသွင်းကြိုးထိုးလိုက်တယ်
ပင်နံပါတ် ၁ ကနေ အပေါင်းဗို့ ဝင်လာပြီး
F901 ►RV903►C905►LB901►
C901 and C902 ကိုဖြတ်ပြီး
ပါဝါအိုင်စီကို ဗို့ လှမ်းကျွေးပါတယ်။
#F901
F က #Fuse ကိုပြောတာပါ။
သူပြုတ်နေတယ်ဆိုရင် ခဲပူးပေးလိုက်ယုံနဲ့ 
အဆင်ပြေပါတယ်။
#RV903
R ဆိုတာ #Resistor ကိုပြောတာပါ။
ဒိုင်ယာဂရမ်ပေါ်မှာ R လို့ ပြောလိုက်တာနဲ့ 
Resistor လို့ သိထားရပါမယ်။
သူပြုတ်နေတယ်ဆိုရင် (သို့)
ပျက်နေတယ်ဆိုရင်
ခဲပူးတာ - ကြိုးဆက်တာလုပ်လို့ မရပါဘူး။
မရှိရင်ဖြုတ်ထားလိုက်ပါ။ ဖြစ်နိုင်ရင်တော့
အစားထိုးပေးရမှာဖြစ်ပါတယ်။
အစားထိုးဖို့ မရှိရင်တော့ဖြုတ်သာချလိုက်ပါ။
Error အရမ်းတတ်လာတယ်ဆိုရင်တော့
စက်ပြားတူလိုက်ရှာပြီး ကောင်းတယ်ဆိုရင်ဖြုတ်ထဲ့လိုက်ပါ။
#C905
C ဆိုတာ #Capacitor ကိုပြောတာပါ။
ဒိုင်ယာဂရမ်ပေါ်မှာ C လို့ ပြောလိုက်တာနဲ့ 
Capacitor လို့ သိထားရပါမယ်။
သူပြုတ်နေတယ်ဆိုရင် (သို့)
ပျက်နေတယ်ဆိုရင်
ခဲပူးတာ - ကြိုးဆက်တာလုပ်လို့ မရပါဘူး။
မရှိရင်ဖြုတ်ထားလိုက်ပါ။ဖြုတ်ထားလို့ မရတဲ့
C လေးတွေကို နောက်မှဆက်ပြောပြပါ့မယ်။
#LB901
L/LB ဆိုတာ #Coil ကိုပြောတာပါ။
ဒိုင်ယာဂရမ်ပေါ်မှာ L လို့ ပြောလိုက်တာနဲ့ 
#Coil လို့ သိထားရပါမယ်။
သူကတော့ အစားကိုထိုးပေးရမယ့်အလုံးဖြစ်ပါတယ်။
Jumper ကျော်တာ - ခဲပူးတာ အဲဒါမျိုးတွေမရပါဘူး။
#C901_and_C902
Short ကျနေရင် ဖြုတ်ချထားလို့ ရပါတယ်။
သူပြုတ်နေတယ်ဆိုရင် (သို့)
ပျက်နေတယ်ဆိုရင်
ခဲပူးတာ - ကြိုးဆက်တာလုပ်လို့ မရပါဘူး။
မရှိရင်ဖြုတ်ထားလိုက်ပါ။
ဒိုင်ယာဂရမ်ပေါ်မှာ #C902 လေးကို
ကွင်းခတ်ထားတာသတိထားကြည့်လိုက်ပါ။
အဲဒီလိုကွင်းခတ်ထားတယ်ဆိုရင်
စက်ပြားပေါ်မှာ မပါတတ်ပါဘူး။
#Capacitor_Resistor_Coil_Diode လေးတွေ
တိုင်းပုံတိုင်းနည်းကို အရင်ကပိုစ့်တွေ
တင်ထားဖူးပါတယ်။အဲဒီအတိုင်းတစ်လုံးခြင်း
လိုက်တိုင်းပြီး Error ကိုရှင်းနိုင်ပါတယ်။
အားလုံးကောင်းနေတယ်ဆိုပါစို့ 
နောက်ဆုံးဗို့ ရောက်တဲ့နေရာကနေ
ဗို့ မရောက်တော့တဲ့နေရာကို ကြိုးဆက်
(Jumper) ပြုလုပ်ပြီးတော့လည်း
အားကိုပြန်ဝင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။
ဥပမာ- C905 အထိ ဗို့ ရောက်ပြီး
LB901 မှာ ဗို့ မရှိတော့ဘူးဆိုရင် ပုံထဲကအတိုင်း
ကြိုးဆက်ပေးလိုက်ရင် အားပြန်ဝင်သွားမှာဖြစ်ပါတယ်။
#Teacher_YarPyae 😍
How to fix error
Adim team
9/20/2017
free software sharing


Posted in: 

0 comments:
Post a Comment