Phone ပြင်တဲ့နေရာမှာ အသုံးများတဲ့
မီတာစကေးများ
*****************
မီတာမှာ အခြေခံအားဖြင့်
Analog Meter ရယ် Digital Meter ရယ်ဆိုပြီး
(၂) မျိုးရှိပါတယ်။ဖုန်းပြင်တဲ့နေရာမှာတော့
ကျနော်တို့ တွေအဓိကသုံးတတ်ကြတာ
Digital Meter ပါ။
ဒစ်ဂျစ်တယ်မီတာဆိုတော့ ပိုစုံလင်တာပေါ့။
သို့ သော်ငြားလည်း အဓိကသုံးတဲ့
Scale တွေက နည်းနည်းလေးရယ်ပါ။
အဲဒါလေးတွေပြောပြပါမယ်။
►DC Volt Scale
►Ohm Scale
►Buzzer Scale
►Diode Scale တို့ ပဲဖြစ်ပါတယ်။
DC Volt Scale
******************
ဒါကတော့ ရှင်းပါတယ်။
ဗို့ တိုင်းတဲ့နေရာမှာသုံးပါတယ်။
ဒါတောင် 2V (or) 20V ပဲအသုံးများပါတယ်။
Ohm Scale
***************
ခုခံမှုတန်ဖိုးကိုသိချင်ရင်သုံးပါတယ်။
သူ့ ကိုသုံးတဲ့အခါ အနည်းဆုံးကနေစပြီး
အသုံးပြုပါတယ်။စပီကာအုမ်းတိုင်းတာတို့ 
Resistor ရဲ့ တန်ဖိုးတိုင်းတာတို့ အစရှိသဖြင့်ပေါ့။
Buzzer Scale
******************
အသံမြည်စကေးလို့ လည်းခေါ်ကြပါတယ်။
သူက လမ်းကြောင်းတစ်ခုတည်းဖြစ်သလားဆိုတဲ့နေရာမှာ
အသုံးများပါတယ်။ ဥပမာ ဒီကွန်ဒင်ဆာနဲ့ ဒီကွန်ဒင်ဆာ
လမ်းကြောင်းတစ်ခုတည်းလား ၊ အုပ်စုတစ်ခုတည်းလား ၊
အဆက်အသွယ်ရှိလား အဲလိုသိချင်တဲ့အချိန်မှာသုံးပါတယ်။
Diode Scale
*****************
တန်ဖိုးသိချင်တဲ့အခါ
ပါတ်လမ်းပြတ်နေလား ဘာလား သိချင်တဲ့အခါမျိုးမှာ
အသုံးပြုတာများပါတယ်။ ဥပမာ - စပီကာအသစ်လဲလိုက်တယ်
အသံမထွက်ဘူး ၊ ဒါဆိုပါတ်လမ်းလိုက်သင့် မလိုက်သင့်ကို
ဒိုင်အုပ်စကေးသုံးပြီး အလွယ်လေးသိနိုင်ပါတယ်။
Credit@
#Teacher_YarPyae 😍
#Howtofixerror
#Adminteam
အခုလိုလာရောက်အားပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြေင်းပြောကြားပရစေဗျာ။ how to fix error website သည် online ပေါ်ရှိဆရာတွေစေတနာဖြင့်တင်ထားသောနည်းပညာများကိုတစ်စုတစ်စည်းရှာရလယ်ကူအောင်ပြန်လည်စုစည်းပေးထားခြင်ဖြစ်သည်။ How to fix error Adim team
0 comments:
Post a Comment