မိုင်းထိတယ်ဆိုတာ စစ်ပွဲတိုက်နေတဲ့သူတွေမှာတင်မဟုတ်ပါဘူး။ဒို့ service သမားတွေမှာလည်း အချိန်ကိုက် မမျှော်မှန်းထားပဲ ထိတတ်ပါတယ်။ဒီနေ့ G730 U30 တစ်လုံး sim card မသိတော့လို့လာပြတယ်။Imei စစ်ကြည့်တော့ null နေတယ်။ဘယ်လောက်ကျမယ်ပြောပြီး ဖုန်းကို root ဖောက် background open setting ဖွင့် ပြီး manufacture mode on အဆင့်ဆင့်လုပ်ပြီး qualcomm imei tool နဲ့ရေးလိုက်တော့ imei ပေါ်လာပြီဗျ။Sim card တွေထည့်တော့ card 1 က ကဒ်မသိဘူး။Card 2 ကတော့ လိုင်းတက်သွားပြီ။Sim card အထိုင်ဖြုတ်ပြီးလဲ ပြန်တပ်ပြီးစမ်းတော့ ကျွန်တော်ပြောတဲ့ မိုင်းစထိပါပြီ။Touch ဆွဲမရတော့ဘူး။ကိုယ့်လက်ဆတော့ကိုယ်ယုံပါတယ်။Sim အထိုင်လဲတာ ဟိုဘက်ခြမ်းက CPU ထိစရာမရှိဘူးဆိုတာ။စပြီးစစ်ကြည့်တယ်။Touch socket ဖြုတ်ပြီး 1.8v/2.8v စစ်ကြည့်တယ်။ရှိနေတယ်။SDAO 1.8V လည်းရှိနေတယ်။SCLO 1.8V လည်းရှိနေတယ်။Touch တပ်ထားမှ ထွက်ရမယ့် EINT5-CTP 1.8V မရှိဘူး။CTP-RST 1.8V လည်းမရှိဘူး။အဲဒီ ၂လိုင်းက CPU ကနေ R လေးတစ်လုံးနဲ့ ဆက်ထားတာ။ပုံမှာပြထားတဲ့ R လေးလဲပေးပြီး socket ပြန်တပ်။Touch လေးတပ်ပြီး စစ်ကြည့်တော့ စောစောက ပျောက်နေတဲ့ EINT5-CTP နဲ့ CTP-RST 1.8V တွေထွက်နေပါပြီ။အိုကေ သွားပြီပေါ့ဗျာ။အချိန်ကိုက် ယခုလို အလျော်ဇယားကပ်လာပြီဆိုရင် ထူပူမသွားပါနဲ့။ဖြစ်တဲ့နေရာကို ဖြစ်တတ်တာတွေကနေ တစ်ဆင့်ခြင်းစစ်ဆေးပြုပြင်သွားကြပါလို့။
G730 U30 ရဲ့ touch လမ်းကြောင်းလိုက်ခြင်းပြီးသွားပြီး အလျော်ဇယားလေးလွတ်သွားပါပြီ
မူရင်းလခ့်>>> https://www.facebook.com/MgMoeHein/posts/1813032095693465
0 comments:
Post a Comment